(Blogspot)

.

.

Saturday 17 October 2015

အိုင်ဖုန်းကို Jailbreak လုပ်သင့်လား မလုပ်သင့်ဘူးလား…

အိုင်ဖုန်းကို Jailbreak လုပ်သင့်လား မလုပ်သင့်ဘူးလား…

သင့် အိုင်ဖုန်းကို Jailbreak လုပ်သင့်လား မလုပ်သင့်ဘူးလား…iPhone ကို jailbreak လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အရင်တုန်းက မြန်မာစာ မြင်ချင်တာရယ်၊ App တွေ မဝယ်ပဲ အလကား သုံးချင်တာရယ်တို့က အဓိက ဖြစ်ပါလိမ့်လမယ်။ ဒါပေမယ့် iOS 7 နောက်ပိုင်းလောက်က စလို့ Jailbreak မလုပ်လည်း မြန်မာစာ ဖတ်လို့ရအောင်၊ ရေးလို့ရအောင် font တွေ၊ ကီးဘုတ်တွေလည်း ပေါ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် App တွေကို ဝယ်သုံးဖို့ကျတော့ Gift Card ကို ဝယ်သုံးရဆဲပေါ့။App များရဲ့ တန်ဖိုးဟာလည်း 0.99 ဒေါ်လာကနေ ဒေါ်လာ တစ်ထောင်ကျော်မက တန်တဲ့ App ပေါင်းများစွာ ရှိပါတယ်။JailBreak လုပ်တယ်ဆိုတာ Apple က permission မပေးတဲ့ layer ကို ဖောက်ပြီးတော့ မိမိ သဘောဆန္ဒအလျောက် permission ပေးခြင်း ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် customise လုပ်တဲ့ သဘောလည်း သက်ရောက်ပါတယ်။ jailbreak အလုံးကို iOS တင်ဖို့ဆို သာမန် jailbreak အလုံးတင် iOS အသစ်တင်တာနဲ့ မတူပါဘူး။ backup ပြုရ ဘာရ ရှိပါသေးတယ်။Jailbreak အားသာချက်1)Jailbreak ခြင်းကြောင့် ဖုန်းအတွက် လိုအပ်တဲ့ App တွေ၊ data တွေကို App Store, iTunes တို့ကတင် မဟုတ်ပဲ ကိုယ့်စိတ်ကြိုက် source ကနေ ရယူနိုင်ပါတယ်။2)ဖုန်းကို ကိုယ်လိုချင်တဲ့ UI ပုံစံမျိုး ဖန်တီးတာမျိုး၊ funtion တိုးတာမျိုးတို့ လုပ်လို့ရပါတယ်။3)သူများပိုက်ဆံပေး ဝယ်နေတဲ့ App များကို ကိုယ်က အလကားလည်း ရကောင်းရပါလိမ့်မယ်။Jailbreak အားနည်းချက်

(1)Apple ရဲ့ အာမခံချက် မရှိပါဘူး။ တစ်ခုခုဖြစ်ရင် Apple ရဲ့ Warranty သက်ရောက်မှု မရှိပါဘူး။

(2)Crush/ Error များ ဖြစ်နိုင်ပါတယ်။

(3)Jailbreak ကို လုပ်ဖို့အတွက် အလုပ်အနည်းငယ်ရှုပ်ပါတယ်။ အထူးသဖြင့် upgrade လုပ်ချင်တဲ့အခါမျိုး ဖြစ်ပါတယ်။

ဖုန်းကို Jailbreak မလုပ်ရင် ရမယ့် အားသာချက်ကတော့ iPhone ကို iPhone လို သုံးရသလိုပဲပေါ့။ ခက်တာက ငွေကြေးနဲ့ ဝယ်သုံးချင်သူများအတွက် Gift card ဝယ်ရတာမျိုးတို့ ရှိပါတယ်။ ပြီးတော့ သီချင်းတွေ၊ ရုပ်ရှင်တွေ အကန့်အသတ် ရှိပါတယ်။ Apple က ပေးတဲ့ UI ပဲ သုံးရပါမယ်။ ဒါပေမယ့် ဒီနောက်ပိုင်းကတော့ ငွေပေးစရာမလိုပေမယ့် တကယ်ကောင်းတဲ့ ဂိမ်း app များ အခြားသော app များစွာလည်း ထွက်ရှိနေပါပြီ။Jailbreak နဲ့ ပက်သက်လို့ ကောင်းကျိုး ဆိုးကျိုး အများကြီးပါ။ အပြည့်အစုံမရေးတော့ပဲ စာဖတ်သူတို့ရဲ့ အမြင်၊ ထင်မြင်ချက်များကိုသာ discuss လုပ်ရန် ဖိတ်ခေါ်အပ်ပါတယ်။

Credit to :  (MMAS)


0 comments:

Post a Comment