(Blogspot)

.

.

Saturday 17 October 2015

ပသျှုးထမင်းကြော်

စပ်စပ်မွှေးမွှေး ပသျှုးထမင်းကြော်
************************* 
-ကြက်ဥ ၂ လုံး
-အသား(ကြိုက်ရာ)
-ငရုတ်သီးစိမ်းတောင့်(အစပ်စားနိုင်သလောက်)
-ပင်စိမ်း(သို့) ရှောက်ရွက်
-ခရုဆီ၁ဇွန်းလောက်
-ငရုတ်ဆီ၂ဇွန်း( တရုတ်ဆိုင်က )
-ခရမ်းချဉ်သီးတလုံး
-မဆလာ
ကြက်သွန်အနီ ကိုလေးစိတ်ကွဲလီှးထား၊ 
ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ကိုဓားနုတ်ပေါက်ထား၊ 
အသားက mince မှကောင်းတယ်။ ကြက်သွန်ဖြူ နီ ကိုအရင်စထဲ့ ကြော် 
အသားကိုပါကျက်သွားအောင်ရောကြော်ပါ၊
မုန်လာဥနီ ဘိုစားပဲ ပြောင်:ဖူ:နု ထည့် အသားကျက်ရင် ကြက်ဥကို နာနာခလောက်ပြီးထဲ့ကြော်ပါ။ 
ခရမ်းချဉ်သီး ငရုတ်သီးပါးပါးလှီးလေး ၊
ခရုဆီ၊ငရုတ်ဆီ ပါရောလို့ရပါပြီ။ 
ပီးရင် ထမင်းဖြူတပွဲစာရောပီး နှံ့အောင်မွှေပါ။
ခြောက်ခြောက်လေးဖြစ်လာရင် မဆလာ၊ ပင်စိမ်း(သို့) ရှောက်ရွက် ရောပါ။ဆား၊ အချိုမှုန့်
လိုသလောက်ထဲ့ပါ။ အကြော်လေးလှအောင် ကြက်အုကို
ခေါက်ပီး အပြားလိုက်ခပ်ပါးပါးကြော်ပီးမှ လိပ်ပီးညှပ်ထည့်ရောမွှေလိုက်ပါ ။

0 comments:

Post a Comment